ပုပ်ဆွေးခြင်းရောဂါ။
ရောဂါအမည် - Phytophthora capsici
ပျံ့နှံမှု - ငရုပ်ကောင်းစိုက်ပျိုးရာဒေသအားလုံးတွင်တွေ့ရ
သက်ရောက်မှု - အမြစ် ၊ ပင်စည် ၊ အရွက် ၊ အကိုင်း နှင့် အသီးခိုင်များ
ရောဂါအကျဉ်းချုပ်
ဤရောဂါသည် ငရုပ်ကောင်းပင်များ သေဆုံးမှုကို အများဆုံးဖြစ်စေပါသည်။ မိုးရာသီတွင် ရေဆိုးများ လည်းကောင်း၏ အနီးနားတစ်ဝိုက်တွင်
ပျံ့နှံ့နေသောအခါ ထိုရောဂါကိုဖြစ်စေပြီး လက္ခဏာများ အနေဖြင့် အရွက်များပျက်စီးမှုဖြစ်စေပြီးနောက်ပိုင်းတွင် ပင်စည်တစ်ခုလုံးကိုပါ
ပျက်စီးဆုံးရှုံးစေပါသည်။ ဤကဲ့သို့ အချိန်ကြာလာသောအခါ ဖွံ့ဖြိုးဆဲအမြစ်များကိုပါ ထိခိုက်လာပြီး
အမြစ်ပုပ်ခြင်းရောဂါကိုဖြစ်စေပါသည်။ အမြစ်ပုပ်ခြင်းရောဂါဖြစ်နေသော အပိုင်းပါသည့် မိခင်ပင်ဆီမှ မျိုးပွား(ကိုင်းကူး) မယူသင့်ပါ။ ဤကဲ့သို့သော
အမြစ်ပုပ်ခြင်းရောဂါဖြစ်လျှင် ကာကွယ်ရန်နည်းလမ်းမှာ ဘော်ဒိုး Bordeaux Mixture1% ကိုမိုးရာသီ ရောဂါဖြစ်ပွားသောအချိန်တွင် ဖြန်းနိုင်ပါသည်။

ရောဂါလက္ခဏာများ
1 - တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အမဲစက်ကလေးများမှ အရွက်ပြင်တစ်ခုလုံးသို့ လျှင်မြန်စွာပြန့်နှံသွားတက်သည်။
2 - ပင်စည်၊ရိုးတန်များ မှစတင်ဖြစ်ပွားလျှင် ရိုးတံတစ်၏ ဧရိယာသည် မည်းလာပြီးနောက်တွင် အသီးအခိုင်များအထိ ပျံ့နှံပုပ်သွားပါလိမ့်မည်။
3 - ပင်စည်ရိုးတန်များမှတစ်ဆင့် အဖူးအညွှန့်များသို့ တလျှောက်ပျံ့နှံသွားပါလိမ့်မည်။
4 - ပင်မပင်စည်မှ ကူးစက်ပျံ့နှံ့ လျှင် တစ်လအတွင်း တစ်ပင်လုံးသို့ပျံ့နှံ့သွားပြီး ၊ အပင်သေသည်အထိဖြစ်သွားပါလိမ့်မည်။
5 - အမြစ်ပျက်စီးသွားပါက အရွက်များဝါလာခြင်း ၊ ညှိုးနွမ်းလာခြင်း ၊ အရွက်များကြွေကျခြင်း နှင့် ပင်စီ အထက်ပိုင်းတွင် ခြောက်သွေ့ခြင်းများဖြစ်လာမည်။
၎င်းရောဂါသည် အောက်တိုဘာလ နှင့် ဒီဇင်ဘာလ များတွင်အဖြစ်များသည်။ အမြစ်များပျက်စီးလျှင် ပုပ်သော အနံ့များကို ရရှိနိုင်သည်။

ကူးစက်ပျံ့ပွားပုံ
ဤမှိုရောဂါမျိုးသည် ခြောက်သွေ့သောရာသီများတွင် တိမ်မြုတ်နေတက်ပြီး မိုးရာသီနှင့် မြေဆီလွှာအစိုဓာတ်ရှိလာသော အခါတစ်ဖန်ပြန်လည်၍
ပေါ်လာတက်သည်။ ဤရောဂါပိုးသည် စိုက်ပျိုးရေးသုံးပစ္စည်းများမှတစ်ဆင့် ကူးစက်ရုံမျှမက မြေအောက်ရေ၊ ဇီဝမျိုးစိပ်၊ လူ ၊ တိရိစ္ဆာန်များမှ တစ်ဆင့် (ပိုးရှိသောအရာများကို
သယ်ဆောင်ခြင်း ) လည်းကူးစက်ပျံ့နှံ့နိုင်ပါသည်။ ထို့အပြင် လေထုမှ သာမက မြေဆီလွှာမှလည်း တစ်ဖြည်းဖြည်းပျံ့နှံ့တက်သည်။

ရောဂါပိုးများအား အနီးကပ်မြင်တွေ့ရပုံ။
ထိန်းချုပ် ကုသမှု
ဤရောဂါကို အောက်ပါနည်းလမ်းများဖြင့် ထိန်းချုပ်ကုသနိုင်သည်။
ဖိုက်တိုဆနီတေးရှင်း - ရောဂါဖြစ်ပွားသော အမြစ်ပင်စည် (ဖြစ်နိုင်ပါက ရောဂါဖြစ်ပွားသောတစ်ပင်လုံးဖယ်ရှားနိုင်ရင်ပိုကောင်းပါမည်။)
ထိုသို့ပြုလုပ်ခြင်းဖြင့် အခြားသောအပင်များသို့ကူးစက်နှုန်းကို လျှော့ချနိုင်မည်။ စိုက်ပျိုးရေးပစ္စည်းများကို အသုံးပြုပြီးပါက
သန့်ရှင်းစွာထားပါ။ ပျိုးပင်များကို မှိုရောဂါကင်းရှင်းသော ဥယာဉ်များမှ ယူဆောင်စိုက်ပျိုးရမည်။ မြေဆီလွှာအားနေရောင်
တိုက်ရိုက်ထိအောင် အတက်နိုင်ဆုံးဆောင်ရွက်ရန်။
လက်တွေ့အကောင်ထည်ဖေါ်ရန်
ရေဆင်းကောင်းသော ရေမြောင်းများလုပ်ပေးရန်၊ အမြစ်များကို ထိခိုက်ဒဏ်ရာရရှိမှုနည်းအောင် ဂရုပြုပါ။ အညွှန့်များကို မြေမလျှောက်စေပဲ
အောက်ခံပင်တွင် ကြိုးနှင့်ခပ်ဖွဖွသာချဉ်နှောင်ရန်။ မုတ်သုံဝင်စတွင် စိုထိုင်းမှုများသဖြင့်မိုးမွှားကူးစက်မှုအားကောင်းသော ကာလအဖြစ်သတ်မှတ်
ထားသည်။ ထို့အတွက်ကြောင့် နေရောင်ခြည်လုံလောက်စွာရရှိစေရန် အောက်ခံပင် (သက်ရှိပင်ဖြစ်ပါက) အကိုင်းအရွက်များရှင်းလင်းပေးပါ။
ပင်စည်အရင်းပိုင်းကို မြေဖို့ပါ။
ဓာတုဆေးဝါးများအသုံးပြုမှု
မုတ်သုံဝင်စ May-June ကာလများတွင် ပင်စည်တစ်ဝိုက် (45 - 50 စင်တီမီတာ) တွင် ကော့ပါးအောက်စီကလိုရိုက် 0.2% ကိုရေ 5-10 လီတာ
နှင့်ရောစပ်၍ ဖြန်းပေးပါ။ ရွက်ဖြန်းဆေးအဖြစ် ဘော်ဒိုး Bordeaux Mixture 1% အသုံးပြုပေးရပါမည်။ နောက်တစ်ကြိမ်အနေဖြင့် Aug - Sept
လများတွင် ဖြန်းပေးရပါမည်။ မုတ်သုံရာသီ ၀င်ပြီးမကြာမီတွင် ပိုတက်ဆီယံ ဖော့စဖိတ် 0.3% @ 5-10 leters ကို Aug - Sep - Oct လများတွင်
ပတ်ဖြန်းနိုင်သည်။ မုတ်သုံ အလယ်ပိုင်းတွင် metalaxyl-mancozeb 0.125% ကို ရေမှုန့်ရေမွှားဖြန်းစက်ဖြင့်အသုံးပြု ဖြန်းပေးရမည်။
မှတ်ချက်
အပင်ဇီဝထိန်းချုပ်မှုအေဂျင်စီ၏ အကြံပြုချက်အရ ကော့ပါးအောက်စီကလိုရိုက် ကို မသုံးသင့်။ မှိုသတ်ဆေးဝါးများအသုံးပြုလျှင် တစ်ကြိမ်နှင့်တစ်ကြိမ်
ရက် ၄၀ ခန့် ခြား၍ အသုံးပြုသင့်ပေသည်။
ခုခံဆေးများ
IISR-Sakthi, IISR-Thevam, Natar-1 and Petaling-2.